ဝမ်းနည်းမှတ်တမ်း

Tuesday, 24 February 2009 02:54 by konaing
မြိတ်မြို့၊ မြစ်ငယ်ရပ်၊ ဗဟိုလမ်းနေ ဆရာမဒေါ်ခင်မူ(ခ)ဒေါ်ဟာလင်ဘီ (အ-ထ-က(၁)မြိတ်၊ ငြိမ်း)၊ အသက်(၆၂)နှစ်သည် (၂၀-၂-၂၀၀၉၊ သောကြာနေ့)ည ၁၀း၃၀ အချိန်တွင် ကွယ်လွန်သွားပါကြောင်းနှင့် (၂၁-၂-၂၀၀၉၊ စနေနေ့) မွန်းလွဲ(၂)နာရီတွင် မြိတ်မြို့၊ ကလွင်ရပ်၊ မူဆလင်ဥယျာဉ်တော်၌ ဒါဖနာကြောင်း တပည့် ကျောင်းသား/ကျောင်းသူဟောင်းများအား သိစေအပ်ပါသည်။ 

Be the first to rate this post

  • Currently 0/5 Stars.
  • 1
  • 2
  • 3
  • 4
  • 5
Categories:  
Actions:   E-mail | del.icio.us | Permalink | Comments (0) | Comment RSSRSS comment feed

တစ်နှစ်ပြည့် အမှတ်တရ

Sunday, 4 January 2009 03:54 by konaing

ဘာလိုလိုနဲ့ ၂၀၀၉ ခုနှစ်ကို ရောက်လာပြန်တော့ ကျွန်တော်တို့ အထက(၁)မြိတ် ကျောင်းသားကျောင်းသူဟောင်းများရဲ့ မြတ်ဆရာပူဇော်ပွဲကြီး ကျင်းပခဲ့တာ တစ်နှစ်ပြည့်ပြန်ပြီပေါ့။ သိပ်မကြာသေးဘူးလို့ထင်ရတယ်။ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ဆိုသလိုပဲ တစ်ချို့လည်းကျန်ရစ် ... တစ်ချို့ကလည်း ဆက်လက် မဆုံးတဲ့ခရီး တစ်နှစ်ပြီးတစ်နှစ်ပေါ့ ... ဒီနှစ်သစ်ဦးမှာတော့ ဆရာဆရာမကြီးများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာရှိရေး ဆုတောင်းပေးလိုက်ပါတယ်။ တစ်နှစ်ပြည့်ပြန်ပြီဆိုတော့လည်း အမှတ်တရကောင်းမှုကုသိုလ်ပြုလုပ်ရန် စီစဉ်ခဲ့ကြပါတယ်။ ယခင်ကဲ့သို့ ပွဲကြီးအနေဖြင့်မဟုတ်ပဲ EC အဖွဲ့မှ သီးသန့်အလှူငွေများဖြင့် ဘုရားငါးဆူပရိယတ္တိစာသင်တိုက် ဆရာတော်နှင့်သံဃာတော် ပေါင်း(၅)ပါး ပင့်ဖိတ်ပြီးဆွမ်းကပ်ရန် စီစဉ်ခဲ့ပါတယ်။ ၆ ရက်နေ့မှာလုပ်ရမှာဖြစ်ပေမယ့် အားရက် တနင်္ဂနွေနေ့ ၄-၁-၂၀၀၉ နေ့မှာ အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမမှာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာ/ဆရာမကြီးများအပါအ၀င် ယခင်နှစ်မြတ်ဆရာပူဇော်ပွဲတုန်းက ကူညီခဲ့ကြတဲ့ ကျောင်းသားကျောင်းသူဟောင်းများအားဖိတ်ကြားပြိး ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ထမင်းဟင်းကိုတော့ အိမ်တော်ဖြူဥိးမြင့်ခိုင် မှ စီစဉ်ပေးပြီး အဖျော်ရည်များကို SAKURA ကိုကုလားမှ shimo ဖျော်ရည်စက်ဖြင့်လာရောက်စီစဉ်ပေးခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဆရာဆရာမကြီးများအား အမှတ်တရလက်ဆောင် မျက်နှာသုတ်ပုပါများ ပေးအပ်ခဲ့ကြပါတယ်။ ဆရာဆရာမကြီးများ ကျောင်းသားကျောင်းသူဟောင်းများ ပျော်ရွှင်စွာဖြင့် ပြောဆိုနှုတ်ဆက်ခဲ့ကြကြီး နေ့လည်၁၂နာရီမှာ ပြီးဆုံးခဲ့ပါတယ်။

 







Be the first to rate this post

  • Currently 0/5 Stars.
  • 1
  • 2
  • 3
  • 4
  • 5
Categories:  
Actions:   E-mail | del.icio.us | Permalink | Comments (0) | Comment RSSRSS comment feed

ဝမ်းနည်းမှတ်တမ်း

Thursday, 18 December 2008 17:17 by konaing

မြိတ်မြို့၊ မြစ်ငယ်ရပ်၊ စံကားဝါလမ်းနေ တနင်္သာရီတိုင်း-တိုင်းပညာရေးမှူး(ငြိမ်း)ဖြစ်သူ ဆရာမကြီး ဒေါ်သန်းရှင် (၈၂)နှစ် သည် (၁၇-၁၂-၂၀၀၈) ညနေ(၄း၁၆)တွင် ကွယ်လွန်သွားပါကြောင်း၊ (၁၈-၁၂-၂၀၀၈) မွန်းလွဲ(၂)နာရီတွင် မြိတ်မြို့၊ ကလွင်ရပ်၊ မူဆလင်ဥယျာဉ်တော်၌ ဒါဖနာကြောင်း တပည့် ကျောင်းသား/ကျောင်းသူဟောင်းများအား သိစေအပ်ပါသည်။ 

 

Be the first to rate this post

  • Currently 0/5 Stars.
  • 1
  • 2
  • 3
  • 4
  • 5
Categories:  
Actions:   E-mail | del.icio.us | Permalink | Comments (0) | Comment RSSRSS comment feed

ဆရာ/ဆရာမများ စာရင်း

Wednesday, 16 April 2008 16:05 by konaing

Teacher List all.pdf (61.56 kb)

Donation List up to (6-1-2008).pdf (174.97 kb)

Money Balence.pdf (23.42 kb)

Be the first to rate this post

  • Currently 0/5 Stars.
  • 1
  • 2
  • 3
  • 4
  • 5
Categories:  
Actions:   E-mail | del.icio.us | Permalink | Comments (0) | Comment RSSRSS comment feed

အထက(၁)မြိတ် အဝေးရောက် ဆရာ/ဆရာမများအား မြတ်ဆရာပူဇော်ပွဲ ကျင်းပခြင်း

Wednesday, 16 April 2008 15:21 by konaing
(၁၆-၃-၂၀၀၈)တနင်္ဂနွေနေ့၊ နေ့လည်(၁း၀၀)နာရီ ၊(ယုဇနဟိုတယ်၊ ရွှေဂုံတိုင်၊ ရန်ကုန်မြို့)အထက(၁)မြိတ် ကျောင်းသားကျောင်းသူဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲအား  (၆-၁-၂၀၀၈)ရက်နေ့ အထက(၁)မြိတ်၊ ပညာ့ဗိမာန်ခန်းမတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ကျန် အဝေးရောက်ဆရာ/ဆရာမများအား  ကန်တော့ပစ္စည်းများဖြင့် အိမ်တိုင်ရာရောက်သွားရောက်ကန်တော့ရန်စီစဉ်ခဲ့သော်လည်း  ရန်ကုန်ရှိ အမှုဆောင်များမှ ပူဇော်ပွဲတစ်ရပ်ကျင်းပပြုလုပ်လိုကြသည့်အပြင် ခန်းမနှင့် ဧည့်ခံကျွေးမွေးမှုများအား ဦးဌေးမြင့်(ယုဇနကုမ္ပဏီ)ညီအကိုများမှ တာဝန်ယူစီစဉ်ပေးခဲ့သဖြင့် (၁၆-၃-၂၀၀၈)ရက်နေ့  နေ့လည်(၁း၀၀)နာရီ တွင် ယုဇနဟိုတယ်ခန်းမ၌ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ပါသည်။ ရန်ကုန်မြိတ်အသင်းရုံးအဖွဲ့ဝင် ဦးမျိုးကြည်မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူဟောင်းများအား ဖိတ်ကြားစီစဉ်ပေးခဲ့ပြီး မြိတ်မြို့မှ အမှုဆောင်များအားလည်း ရန်ကုန်ပူဇော်ပွဲသို့ဖိတ်ကြားခဲ့ရာ ဦးမြင့်ခိုင်၊ ကိုကိုလွင်၊ ကိုညိုထွန်း၊ ကိုနိုင်ဝင်းထွန်း၊ ကိုဇော်မင်းဦး(ကိုကုလား)၊ ကိုလှဦး တို့သည် (၁၄-၃-၂၀၀၈)ရက်နေ့နှင့်  ဒေါ်အင်ပို၊ မနီလာညွန့်၊ မမြတ်မြတ်ယု၊ မစီစီမွန် တို့သည် (၁၅-၃-၂၀၀၈)ရက်နေ့များတွင် မြန်မာ့လေကြောင်းဖြင့် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြပါသည်။ ကိုကျော်ကျော်စင်မှာ ရန်ကုန်တွင် ရောက်ရှိနေပါသည်။ ဦးမြင့်ခိုင်နှင့် အဖွဲ့သည် ယုဇနဟိုတယ်တွင်ပင် တည်းခိုနေထိုင်ကြပြီး ပြင်ဆင်မှုများအား ပြုလုပ်ခဲ့ကြပါသည်။  မကြည်ကြည်ဆွေ(ခ)မရွှေလုံး နှင့် သူငယ်ချင်းများလည်း လာရောက်တွေ့ဆုံပြီး ဧည့်ခံတေးဂီတအတွက် တီးဝိုင်းနှင့် အဆိုတော်များအားစီစဉ်ပေးခြင်း၊ ပရိုဂျက်တာ ငှါးရမ်းပေးခြင်းနှင့် မှတ်တမ်းတင်ဗီဒီယိုဓါတ်ပုံရိုက်ကူးခြင်းများအတွက် တာဝန်ယူ စီစဉ်ပေးခဲ့ကြပါသည်။ (၁၆-၃-၂၀၀၈)ရက်နေ့ နံနက်ပိုင်းတွင် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ခြင်း၊ ပရင့်ထုတ်ခြင်းများအား အချိန်မီပြီးစီးစေရန် ယုဇနဟိုတယ်တွင်ပင် ဆောင်ရွက်ခဲ့ရပါသည်။ ကွန်ပျူတာနှင့် ပရင်တာအသုံးပြုခွင့်ပေးသော ယုဇဟိုတယ် မန်နေဂျာနှင့် ၀န်ထမ်းများအား အထူးကျေးဇူးတင်ရှိပါသည်။ မြိတ်မြို့တွင် ပြုလုပ်သည့်ပွဲမှ ဓါတ်ပုံများအား ပြသရန် ဘုတ်ပြားတွင် ကပ်ခြင်း၊ ပရိုဂျက်တာဖြင့်ပြရန် တည်းဖြတ်ပြင်ဆင်ခြင်းမျာအားလည်း အချိန်မီ ပြုလုပ်ခဲ့ကြပါသည်။ နေ့လည်တွင် ဖိတ်ကြားထားသော ဆရာ/ဆရာမများနှင့် ဧည့်သည်များ၊ ကျောင်းသားကျောင်းသူဟောင်းများ၊ မြိတ်အသင်းမှ အမှုဆောင်များ စုံညီစွာ တက်ရောက်ကြပြီး ဆရာ/ဆရာမများနှင့် တပည့်ကျောင်းသားကျောင်းသူဟောင်းများမှာလည်း မတွေ့တာကြာပြီဖြစ်၍ ၀မ်းသာပျော်ရွှင်စွာဖြင့် စကားမဆုံးနိုင်အောင် ဖြစ်နေကြပါသည်။  အခမ်းအနားမှူးအဖြစ် မြိတ်အသင်းရုံးအဖွဲ့ဝင် ဦးမျိုးကြည်မှ ဆောင်ရွက်ပြီး ရှေးဦးစွာ ကျောင်းသားကျောင်းသူဟောင်းများမှ မတ်တပ်ရပ်ပြီး မင်္ဂလာပါဆရာ/မင်္ဂလာပါဆရာမဟု ညီညာစွာနှုတ်ခွန်းဆက်ကြပြီး ဆရာ/ဆရာမများမှလည်း မင်္ဂလာပါတပည့်တို့ ဟု ပြန်လည် နှုတ်ခွန်းဆက်ကာ အခမ်းအနားစတင်ခဲ့ပါသည်။ ပြီးနောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌဦးမြင့်ခိုင်မှ ကျောင်းသားကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲ ပထမကြိမ် ဖြစ်ပေါ်လာပုံနှင့် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၄င်းနောက် ကန်တော့ခံဆရာဆရာမများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ပစ္စည်းများအား ပေးအပ်လှူဒါန်းကြပါသည်။ ဆရာ/ဆရာမများကိုယ်စား ဆရာဦးစိုးတင်၊ ဆရာမဒေါ်အေးကြည်နှင့် ဆရာမဒေါ်ဆင့်ဆင့်သက် တို့မှ သြ၀ါဒစကားပြောကြားခဲ့ပြီး မြတ်ဆရာပူဇော်ပွဲဖြစ်မြောက် အောင်မြင်သည့်အတွက် ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ မြိတ်အသင်းနာယက ဦးတိတ်လျန်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ပြီးနောက် ရန်ကုန်မြို့ မြိတ်အသင်းဥက္ကဋ္ဌ ဦးဌေးမြင့်(ယုဇနကုမ္ပဏီ)နှင့် ညီအစ်ကိုများမှ တည်ခင်းဧည့်ခံသော နေ့လည်စာများကို သုံးဆောင်ကြပြီး အခမ်းအနားအစီအစဉ်အား ရုပ်သိမ်းလိုက်ပါသည်။

(ဖေဖေါ်ဝါရီလအထိ ဆက်သွယ်ရရှိသော အဝေးရောက်ဆရာ/ဆရာမများစာရင်းအရ  ရန်ကုန်တွင် ပြုလုပ်သည့် ပူဇော်ပွဲတွင် အသက်(၆၀)အထက် အငြိမ်းစား ဆရာ/ဆရာမ(၃၆)ဦးအား ကန်တော့ခံရန်နှင့် အသက်(၆၀)အောက် အငြိမ်းစား ဆရာ/ဆရာမ (၁၅)ဦးအား ဂုဏ်ပြုရန် ဖိတ်ကြားနိုင်ခဲ့ပါတယ်။ ၄င်းအတွက် အသက်(၆၀) အထက် ကန်တော့ခံအငြိမ်းစား ဆရာ/ဆရာမများအား ငွေကျပ် (တစ်သိန်းခွဲ)နှင့် အသက်(၆၀) အောက် ဂုဏ်ပြုခံအငြိမ်းစား ဆရာ/ ဆရာမများအား ငွေကျပ်(ခုနှစ်သောင်းခွဲ)ရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ မန္တလေးမှ အသက်(၆၀)အထက် ဆရာတစ်ဦး နှင့် ကော့သောင်းမြို့မှ အသက်(၆၀)အထက် ဆရာ(၂)ဦးနှင့် အသက်(၆၀)အောက် ဆရာတစ်ဦးကိုလည်း သက်ဆိုင်ရာမြို့များမှ ကျောင်းသားဟောင်းများမှတစ်ဆင့် သွားရောက် ပေးအပ်ခဲ့ပါတယ်။)

 

ခန်းမအ၀င်ဝတွင် မှတ်တမ်းများယူ

 

ဆရာနှင့် တပည့်များ ၀မ်းသာပျော်ရွှင်စွာ နှုတ်ဆက်ကြစဉ်

ကျောင်းသားဟောင်းများလည်း ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်

 

အခမ်းအနားမှူး ဦးမျိုးကြည်

 

ဦးမြင့်ခိုင်မှ ပူဇော်ပွဲဖြစ်မြောက်ရေးဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားစဉ်

 

ဆရာဦးစိုးတင်၊ ဆရာမဒေါ်အေးကြည်နှင့် ဆရာမဒေါ်ဆင့်ဆင့်သက်တို့က သြ၀ါဒစကား ပြန်လည်ပြောကြားစဉ်

 

ဒေါ်အင်ပိုနှင့် အဖွဲ့မှ ဆရာ/ဆရာမများအား ကန်တော့ပစ္စည်းများ ပေးအပ်ကြစဉ်

ဦးဌေးမြင့်(ယုဇနကုမ္ပဏီ)နှင့်ညီအစ်ကိုများတည်ခင်းဧည့်ခံသောနေ့လည်စာသုံးဆောင်ကြစဉ်

 

ဆရာ/ဆရာမများ စုပေါင်းအမှတ်တရ

 

ဆရာ/ဆရာမများနှင့် တပည့် ကျောင်းသားကျောင်းသူဟောင်းများ အမှတ်တရ

 

မြိတ်မြို့မှ တက်ရောက်ခဲ့ကြသော မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့

  တေးဂီတဧည့်ခံဖျော်ဖြေရေး

Be the first to rate this post

  • Currently 0/5 Stars.
  • 1
  • 2
  • 3
  • 4
  • 5
Categories:  
Actions:   E-mail | del.icio.us | Permalink | Comments (0) | Comment RSSRSS comment feed